peace

ငါ့အဘို့မြေယဇ်ပလ္လင်ကို တည်ရမည်။ ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိဿဟာယယဇ်တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကိုကိုးကွယ်ရာအရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ငါကြွလာ၍ ကောင်းကြီးပေးမည်။

ထွက်​မြောက် 20 : 24

ထိုသို့ ဘုရားသခင်အခွင့်နှင့်ပြုလျှင် သင်သည်ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည်သို့ ငြိမ်ဝပ်စွာသွားကြလိမ့်မည်ဟု ပြောဆို၏။

ထွက်​မြောက် 18 : 23

မောရှေသည်လည်း ယောက္ခမယေသရောထသို့ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသားချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကိုပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။

ထွက်​မြောက် 4 : 18

ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ်သောအရပ်၌စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သောမိဿဟာယယဇ်ထဲက၊ သင်နှင့် သင်၏သားတို့သည် ခံထိုက်သောအဘို့ဖြစ်သတည်း။

ဝတ်​ပြု 10 : 14

ယဇ်ပလ္လင်မီးသည် မသေဘဲအစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်းထင်းမီးထည့်၍၊ ထင်းပေါ်မှာမီးရှို့ရာယဇ်ကိုခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီဥကိုမီးရှို့ရမည်။

ဝတ်​ပြု 6 : 12

ထာဝရဘုရားအားပြုရသော မိဿဟာယယဇ်ပူဇော်ခြင်းတရားဟူမူကား၊

ဝတ်​ပြု 7 : 11

ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကိုဆက်ရမည်။

ဝတ်​ပြု 3 : 6

ထိုအခါ၊ မောရှေသည်အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံသို့ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကိုချီးမြှင့်ရကြမည်ဟု မိန့်တော်မူရာ၌၊ ထိုသို့သော အမှုကိုရည်ဆောင်၍ မိန့်တော်မူသည်ဟုဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာနေလေ၏။

ဝတ်​ပြု 10 : 3

အကောင်ဆီဥ၊ ကျောရိုးကတိတိဖြတ်သောအမြီးရှိသမျှ၊ အအူကိုဖုံးသော အဆီဥ၊ အအူနှင့် ဆိုင်သမျှသောအဆီဥ၊ 

ဝတ်​ပြု 3 : 9

နွားကိုမိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကို၊ ထာဝရဘုရားရှေ့တော်၌ ဆက်ရမည်။

ဝတ်​ပြု 3 : 1