fear

ကြွင်းသောသူတို့သည်လည်း ထိုသိတင်းကို ကြား၍ ကြောက်သောကြောင့်၊ နောက်တဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲနေကြလိမ့်မည်။

တ​ရား​ဟော 19 : 20

တ​ရား​ဟော 17 : 19

ငါပေးထားသော ပညတ်တရားတော်ရှိသမျှတို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏အသက်တာရှည်စေမည်အကြောင်း၊ သင်တို့သွား၍ ဝင်စားလတံ့သောပြည်၌ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ်တရားဟူမူကား၊

တ​ရား​ဟော 6 : 2

သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားစီရင်တော်မူသောလမ်းသို့လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကိုစောင့်ရှောက်ရမည်။

တ​ရား​ဟော 8 : 6

ထာဝရဘုရားသည် ယနေ့တိုင်အောင်ကျေးဇူးပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကိုစောင့်တော်မူမည်အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကိုထောက်၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့လျက်၊ ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။

တ​ရား​ဟော 6 : 24

သင်တို့ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်အောင်၊ သင်တို့နင်းသောမြေအရပ်၌ ရှိသောသူအပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်မည်အကြောင်း၊ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။

တ​ရား​ဟော 11 : 25

ကိုယ်တိုင်မြင်၍ ကြီးစွာသောစုံစမ်းခြင်းတို့ကို၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို၎င်း၊ အားကြီးသောလက်ရုံးတော်ကို ဆန့်တော်မူခြင်းကို၎င်း စေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုးရှိသမျှတို့၌ သင်၏ဘုရားသခင် ထာဝရဘုရားပြုတော်မူမည်။

တ​ရား​ဟော 7 : 19

မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့သည် ယနေ့သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိမည်အကြောင်း ငါပြုမည်။ သင်တို့၏သိတင်းကိုကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။

တ​ရား​ဟော 2 : 25

ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီးတဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ဝတ်ပြုသော ဘုရားများကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။

ယော​ရှု 24 : 14

နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အို ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင်ကြသနည်း။

ယော​ရှု 22 : 24